မြန်မာအသိုက်အဝန်း
မြန်မာများအတွက် အထောက်အကူပြုမည့် ဝန်ဆောင်မှုများ။
မြန်မာများအတွက် အထောက်အကူပြုမည့် ဝန်ဆောင်မှုများ။
ဘာသာစကားဝန်ဆောင်မှု:
နယူးဆောက်ဝေးအစိုးရသည် ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှုအတွက် ဘာသာစကားနှင့် ဒေသစကားအမျိုးပေါင်း ၂၀၀ ကျော်ကို အထူးကျွမ်းကျင်ပြီး၊ အထူးလေ့ကျင့်ထားသော ဥပဒေနှင့်အသိုက်အဝန်းစကားပြန်များဖြင့် ပံ့ပိုးထားသည်။
နယူးဆောက်ဝေးအစိုးရမှ နယူးဆောက်ဝေးနေရာချထားရေးဗျူဟာကို ဖေဖော်ဝါရီ ၂၀၂၃ မှ ဇွန် ၂၀၂၅ အထိ အကောင်အထည်ဖော်ရန် ချမှတ်ထားပြီးဖြစ်သည်။ လုပ်ဆောင်မည့်အစီအစဉ်သည် ဓနသဟာရအစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများဦးဆောင်ပြီး နယူးဆောက်ဝေးတွင် စတင်လုပ်ဆောင်နေသော ပရိုဂရမ်ကို ဖြည့်တင်းပြီး အားကောင်းစေရန် ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားသင်တန်း
အရွယ်ရောက်ပြီးသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အင်္ဂလိပ်ဘာသာစကားသင်တန်း ကို အင်္ဂလိပ်ဘာသာစကားအားနည်းသော ရွှေ့ပြောင်းနေထိုင်သူများနှင့် လူသားချင်းစာနာမှုအစီအစဉ်ဖြင့်ဝင်ရောက်လာသူများ၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို တိုးတက်လာစေရန် အခမဲ့ဝန်ဆောင်မှုပေးခြင်းဖြင့် ဩစတြေးလျ လူနေမှုဘဝတွင် ပြည့်စုံစွာ ပါဝင်လုပ်ဆောင်နိုင်ရန် ကူညီပေးလိမ့်မည်။ သင်သည် ဩစတြေးလျတွင် အလုပ်လုပ်ရန်နှင့် မိတ်ဆွေအပေါင်းအသင်းဖွဲ့ရန် စွမ်းရည်အသစ်များကို လေ့လာရမည်။ သင်သည် ဤAMEP အတန်းတွင် တက်ရောက်နေစဉ် ကျောင်းနေအရွယ်အောက်ကလေးငယ်များ အတွက် အခမဲ့ကလေးငယ်စောင့်ရှောက်ရေးလည်း ရရှိမည်ဖြစ်သည်။