Search
Search

နေ့စဉ်နေထိုင်မှု

ကား အာမခံ

ကား အာမခံ

နယူးဆောက်ဝေးပြည်နယ်တွင် သင့်ကားအတွက်အာမခံထားရှိရန် (Third party insurance CTP )တတိယတရားဝင်အာမခံအဖွဲ့အစည်း(Green Slip Insurance)ဟု သိကြပြီး ထိုအာမခံအဖွဲ့သည် ယာဉ်မတော်တဆထိခိုက်မှုကြောင့် ကုန်ကျစရိတ်ကိုကျခံပေးပါသည်။ တတိယတရားဝင်အာမခံကို သီးသန့်ဝယ်ယူနိုင်ပါသည်။

တတိယတရားဝင်အာမခံနှင့်ပတ်သက်၍ ထပ်မံဖြည့်စွက်ရမည်ဆိုလျှင် တတိယသူ၏ပိုင်ဆိုင်မှုများပျက်စီးခြင်း (သို့မဟုတ်) အလုံးစုံကားအာမခံဆိုပြီး ဝယ်ယူနိုင်ပါသည်။ တတိယသူပိုင်ဆိုင်မှုပျက်စီးခြင်းအာမခံသည် သင်၏မှားယွင်းမှုကြောင့် ယာဉ်မတော်တဆဖြစ်သောအခါ အခြားသူများပိုင်ဆိုင်မှုနှင့် ကားများပျက်စီးခြင်းများအတွက် အကျုံးဝင်ပါသည်။

အလုံးစုံကားအာမခံသည် သင်၏မှားယွင်းမှုကြောင့် ယာဉ်မတော်တဆမှုဖြစ်စေကာမူ သင့်ကားပြင်ဆင်ခြင်းနှင့်အခြားကားများပြင်ဆင်ခြင်းတို့အတွက် အကျုံးဝင်ပါသည်။ ထိုအာမခံသည် မော်တော်ယာဉ်ခိုးယူခံရခြင်း၊ မီးလောင်ကျွမ်းမှုကြောင့်ပျက်စီးခြင်း၊ ရေကြီးမှုကြောင့်ပျက်စီးခြင်း၊ သူတပါးဖျက်စီးခံရမှုကြောင့် ပျက်စီးခြင်းတို့လည်း အကျုံးဝင်ပါသည်။ ကားအာမခံနှင့်ပတ်သက်၍ အကောင်းဆုံးရရှိရန် ကုန်ကျစရီတ်များနှိုင်းယှဉ်ခြင်းနှင့် ကွဲပြားသောမူဝါဒများအပေါ်မူတည်၍ အာမခံစရိတ်(ရမည်/မရမည်)ကို နားလည်ရန်အချိန်ပေးသင့်သည်။သင်နှင့် မည်သည့်အာမခံအမျိုးအစားက ကိုက်ညီမည်ကို ဆုံးဖြတ်သည့်အခါ ဆုံးရှုံးခြင်း(သို့မဟုတ်)ခိုးယူခံရခြင်းဖြစ်ခဲ့ပါက ကားမရှိပဲ သင်မည်မျှနေနိုင်မည်ပေါ်မူတည်၍ စဉ်းစားသင့်သည်။ ယာဉ်မတော်တဆဖြစ်သည့်အခါ သူတပါး၏ကားပျက်စီးဆုံးရှုံးမှုအတွက် သင်ပေးလျော်နိုင်မည့်အပေါ်မူတည်၍လည်းစဉ်းစားဆုံးဖြတ်သင့်သည်။