မြန်မာအသိုက်အဝန်း
ဩစတေးလျမှ မြန်မာအသိုက်အဝန်း
ဩစတေးလျမှ မြန်မာအသိုက်အဝန်း
နောက်ခံသမိုင်းကြောင်း
ပထဦးစွာ ဩစတြေးလျကို အခြေချသောမြန်မာများကို အင်္ဂလိပ်-ဗမာ ကပြားများဟု ခေါ်ကြပါသည်။ အင်္ဂလိပ်-ဗမာ ကပြားများ သည် မြန်မာနှင့် ဥရောပမှအခြေချသူများဖြစ်ကြပြီး ဗြိတိန်၊ အခြားဥရောပအခြေချသူများနှင့် မြန်မာပြည်မှတိုင်းရင်းသားများအကြားတွင် ပေါင်းစည်းထားသည့် သီးသန့်အသိုက်အဝန်း အဖြစ် ပေါက်ဖွား လာခြင်းဖြစ်သည်။ မြန်မာအား ဗြိတိသျှမှ ၁၈၈၆ တွင် ဗမာအဖြစ် အုပ်ချုပ်ခဲ့သည်။ ၁၉၄၈တွင် ဗြိတိန်မှ လွတ်လပ်ရေးရပြီးနောက် အမျိုးသားရေးစိတ်ဓာတ်မြင့်မားလာခြင်းကြောင့် အင်္ဂလိပ်-ဗမာ ကပြားများအတွက် အလုပ်အကိုင်ခက်ခဲလာပြီး မြန်မာပြည်မှ ထွက်ခွာရန် အခြေအနေပေးလာသည်။ ၁၉၄၇ နှင့် ၁၉၅၉ အကြားတွင် အင်္ဂလိပ်-ဗမာ ကပြားများ ၃၅၀၀ ဦးခန့် ဩစတြေးလျတွင် အခြေချနေထိုင်ခဲ့ကြသည်။ ၁၉၆၂၊ စစ်တပ်မှ မြန်မာအစိုးရအဖြစ်တာဝန်လွှဲယူပြီး နောက်ပိုင်း ၁၉၆၅ နှင့် ၁၉၇၂ ကြားတွင် အင်္ဂလိပ်-ဗမာ ကပြား ၂၅၀၀ ဦးခန့် ဩစတြေးလျတွင် ထပ်မံအခြေချကြသည်။ ရွှေ့ပြောင်းဒုက္ခသည်များ အထူးလူသားချင်းစာနာမှု အစီအစဉ်အောက်တွင် ရောက်ရှိလာကြသော မြန်မာများဦးရေ သိသာစွာတိုးပွာလာသည်။ ၁၉၉၁ သန်းခေါင်စာရင်းမှတ်တမ်းအရ ဩစတြေးလျတွင် မြန်မာပြည်ဖွား လူဦးရေ ၈၂၂၃ ဦးရှိပါသည်။ ၁၉၈၈ ကတည်းကပင် လူမျိုးရေးတင်းမာမှုနှင့် အစိုးရ၏ဖိနှိပ်ခြင်းတို့ကြောင့် မြန်မာပြည်ကို စွန့်ခွာလာသူ ပိုမိုများပြားလာပါသည်။ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၁၀ သိန်းခန့်သည် မြန်မာ့အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလာကြပြီ အများစုမှာ ထိုင်းနိုင်ငံသို့ဖြစ်သည်။ ဒုက္ခသည်စခန်းများတွင် ကြာမြင့်စွာနေထိုင်ပြီးနောက် သြစတြေးလျနိုင်ငံသို့ ဒုက္ခသည်အဖြစ် ရောက်လာသူများလည်း လူဦးရေသိသာစွာ များပြားပါသည်။ ဩစတြေးလျမြန်မာအသိုက်အဝန်းသည် လူမျိုးပေါင်းစုံ၊ ကိုယ်ပိုင်ဒေသသုံးဘာသာစကားများ၊ ဓလေ့ထုံးတမ်းနှင့် ဘာသာကိုးကွယ်ယုံကြည်မှုများဖြင့် မြန်မာတိုင်းရင်းသားများ၏ အလှကိုထင်ဟပ်စေပါသည်။ မြန်မာအသိုင်းအဝိုင်းအဖွဲ့ဝင်များသည် ကိုယ့်လူမျိုးပေါ်အခြေခံပြီး ကိုယ်စားပြု နေထိုင်ခြင်းကို လိုလားကြသည်။ မြန်မာပြည်ဖွားထက်ဝက်ကျော်သည် ၂၀၀၆ နောက်ပိုင်းတွင် ရောက်ရှိလာကြပြီး လူဦးရေ ထပ်မံမြင့်တက်လျှက်ရှိသည်။
2016 သန်းခေါင်စာရင်း
ပထဝီဝင် ဖြန့်ဝေခြင်း။
2016 ခုနှစ် နောက်ဆုံးသန်းခေါင်စာရင်းအရ သြစတြေးလျတွင် မြန်မာနိုင်ငံသား 32,655 ဦး မှတ်တမ်းတင်ခဲ့ပြီး 2011 သန်းခေါင်စာရင်းထက် 50.1 ရာခိုင်နှုန်း တိုးလာခဲ့သည်။
ပြည်နယ်နှင့် နယ်မြေအလိုက် 2016 ဖြန့်ချီမှုတွင် ဗစ်တိုးရီးယားသည် 10,973 ဖြင့် အကြီးဆုံးနံပါတ်ဖြစ်ပြီး အနောက်သြစတြေးလျ (8,704)၊ New South Wales (7,128) နှင့် Queensland (3,172) တို့ဖြစ်ကြောင်း ပြသခဲ့သည်။
လူဦးရေ
ွန်၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း၌ ဩစတြေးလျတွင် မြန်မာပြည်ဖွား (၄၀၄၆၀)ဦး နေထိုင်လျက်ရှိပါသည်။ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ မှတ်တမ်းတွင် (၂၄၄၃၀) ဦးရှိသဖြင့် နှစ်ဆတိုးမြှင့်လာခြင်းဖြစ်သည်။ ၄င်းကိုကြည့်ခြင်းအားဖြင့် မြန်မာပြည်ဖွားလူဦးရေသည် ဩစတြေးလျ ရွှေ့ပြောင်းဒုက္ခသည်အသိုင်းအဝန်း၏ (၃၉) ခုမြောက် အကြီးဆုံးအသိုင်းအဝန်းဖြစ်လာပြီး နိုင်ငံရပ်ခြားတွင် မွေးဖွားသော ဩစတြေးလျနိုင်ငံသားဦးရေ ၀.၅ ရာခိုင်နှုန်းနှင့် ဩစတြေးလျ၏ စုစုပေါင်းလူဦီးရေ ၀.၂ ရာခိုင်နှုန်းနှင့် ညီမျှသည်။ ထပ်မံရရှိသော အချက်အလက်များအရ ၂၀၁၈ မှ ၂၀၂၂ အတွင်းတွင် ဩစတြေးလျ၏ လူသားချင်းစာနာမှုအစီအစဉ်ဖြင့် ရောက်ရှိလာသူ (၅၂၉၀) ဦးရှိသည်။ မြန်မာမှ အမြဲရွှေ့ပြောင်းနေထိုင်ခွင့်နှင့် ပတ်သက်ပြီး သိရှိလိုပါက ဒီမှာ ကြည့်၍ရပါသည်။