Search
Search

ထောက်ခံပါတယ်။

ပညာရေး

ပညာရေး

ဩစ‌တြေးလျ လူ့အဖွဲ့အစည်း အတွင်းတွင် ပညာ‌ရေးကိုမြင့်မားစွာတန်ဖိုးထားသည်။ ပြည်နယ်နှင့်ဖယ်ဒရယ်အစိုးရများသည် အနာဂတ် မျိုးဆက်သစ်များအပေါ်တွင် ကြီးမားသောရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည်။

ဩစတြေးလျပညာရေးစနစ်သည် အောက်ပါအတိုင်းကျယ်ပြန့်စွာ ဖွဲ့စည်းထားပါသည်။
၁ – မူလတန်းကျောင်း – အသက် ၇ နှစ် (သို့မဟုတ်) ၈ နှစ် မှစ၍ အခြေခံမှစတက်ရပြီး ၆ တန်း (သို့မဟုတ်) ၇ တန်းအထိ
၂ – အလယ်တန်းကျောင်း – ၄ နှစ် – ၇တန်း (သို့မဟုတ်) ၈ တန်းမှ ၁၀ တန်းအထိ
၃ – အကြီးတန်းအလယ်တန်းကျောင်း – ၂ နှစ် – ၁၁ တန်း မှ ၁၂ တန်း
၄ – တတိယအဆင့်ပညာရေး – အဆင့်မြင့်ပညာရေး၊ သက်မွေးဝမ်းကျောင်းပညာရေးနှင့်လေ့ကျင့်ရေး(VET)တို့ ပါဝင်သည်။