နေ့စဉ်နေထိုင်မှု
သြစတြေးလျစာတိုက်
သြစတြေးလျစာတိုက်
Australia Post ကို AusPost ဟုလည်းသိကြပြီး စာများပို့ခြင်း၊ ပါဆယ်များပို့ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးများလုပ်ဆောင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှုများကို ပေးသောအစိုးရပိုင်အဖွဲ့အစည်းဖြစ်သည်။ စာများသယ်သူပေးဆောင်ခြင်းအပြင် ဩစတြေးလျစာတိုက်သည် ငွေလွှဲပေးခြင်း၊ အခွန်အခများ ပေးဆောင်ခြင်း၊ အာမခံကြေးကဲ့သို့သော ငွေကြေးဝန်ဆောင်မှုများနှင့် ပတ်စ ပို့ဓါတ်ပုံ၊ ပတ်စပို့လျှောက်လွှာ၊ လိုင်စင်သက်တမ်းတိုး၊ ရဲစစ်ဆေးချက်အစရှိသော စာရွက်စာတမ်းများ သယ်ယူပို့ဆောင်ဝန်ဆောင်မှုပေးခြင်းကို ပြည်တွင်းရှိ စာတိုက်ရုံးပေါင်း (၄၀၀၀) ဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိပါသည်။
တံဆိပ်ခေါင်း : သင်သည် စာများနှင့် ပါဆယ်များပေးပို့ရန် တံဆိပ်ခေါင်းထုပ်များ ဝယ်ယူရမည်။ သင့်တွင် အငြိမ်းစားကဒ် (Pensioner Concession Card)၊ ကျန်းမာရေးစောင့်ရှောက်မှုကဒ် (Health Care Card)၊ (သို့မဟုတ်) ဓနသဟာယ သက်ကြီးရွယ်အိုကဒ် (Commonwealth Seniors Card) များရှိပါက သြစတြေးလျစာတိုက်၏ ပို့ခသက်သာခွင့်စာရင်းဖွင့်ရန် အကြုံးဝင်သည်။ လက်ရှိ ပြည်တွင်းစာပို့ခနှုန်းထားမှာ ဒေါ်လာ ၁.၂၀ ဖြစ်သည်။ (ဇန်နဝါရီ ၃ ရက်၊ ၂၀၂၃ မှတ်တမ်းအရ)
နိုင်ငံတကာပို့ဆောင်ဝန်ဆောင်မှု နိုင်ငံတကာ ပို့ဆောင်မှု လုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ခ နှုန်းထားများကို အွန်လိုင်း ဝန်ဆောင်မှုမျာကိုအသုံးပြု တွက်ချက်နိုင်ပါသည့် ပြင် ကာစတန်ဖောင်ဖြည့်စွက် စစ်ဆေးခြင်းများ စည်းမျဉ်းစည်းကမ်းများနှင့် ပို့ ဆောင်မှု လမ်း ကြောင်းများကိုလည်း ခြေရာခံ သိရှိန်ုင်ပါသည်။

နိုင်ငံခြားသို့ပစ္စည်းပို့ရန် နည်းလမ်း သုံးခုရှိပါသည်။
• Economy: ပုံမှန်ပို့ဆောင်ခြင်းများအတွက် နိုင်ငံတကာစီးပွားရေးဝန်ဆောင်မှုကိုအသုံးပြုနိုင်သည်။ ဤဝန်ဆောင်မှုသည် အများဆုံး ဒေါ်လာ ၁၀၀ တန်ဖိုးရှိသောပစ္စည်းများပို့ရာတွင် သင့်တော်ပြီး ပို့ဆောင်ရာတွင် လက်မှတ်ဖြင့်ရွေးချယ်ရသည်။
• Standard: ပစ္စည်းများပို့ဆောင်စဉ်ရောက်ရှိသည့်နေရာများကိုခြေရာခံကြည့်ရန်နှင့် များပြားသောအခြားဝန်ဆောင်မှုကိုရရှိရန် နိုင်ငံတကာစံထားသည့်ဝန်ဆောင်မှုကို အသုံးပြုနိုင်သည်။
• Express: အမြန်ပို့ဆောင်လိုပါက အမြန်ပို့ဝန်ဆောင်မှုကို ရွေးပါ။ ပစ္စည်းပို့သည့်အခါ ခြေရာခံလိုက်ကြည့်ခြင်းနှင့် လက်မှတ်လိုအပ်သည်။ မြန်မာသို့ပစ္စည်းပို့မည်ဆိုပါက အများဆုံး ၂၀ ကီလိုဂရမ်အထိ ပို့ဆောင်နိုင်ပြီး အကယ်၍ တဆင့်လွှဲပြောင်းသည့်နေရာတွင် ပစ္စည်းထုပ်ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများရှိပါက နိုင်ငံတကာအပိုဆောင်းကာကွယ်တာဝန်ယူ ပေးသော အာမခံ ဝန်ဆောင်မှုများလည်းရှိပါသည်။
ဩစတြေးလျစာတိုက်တွင် မြန်မာသို့ ပစ္စည်းပို့သည့် လမ်းညွှန်ရှိပါသည်။
ဩစတြေးလျစာတိုက်မှတဆင့် နိုင်ငံတကာသို့ငွေလွှဲပြောင်းခြင်း