Search
Search

သြစတြေးလျအကြောင်း

ဩစတြေးလျ ယဉ်ကျေးမှု

ဩစတြေးလျ ယဉ်ကျေးမှု

တန်းတူညီမျှထားရှိမှု

ဩစတြေးလျနိုင်ငံသားများသည် လူတစ်ဦး၏ နောက်ခံအခြေအနေကိုမကြည့်ပဲ တန်းတူညီမျှ စိတ်ထားရှိသည်။ လူတိုင်းသည် လေးစားမှု၊ အခွင့်အလမ်းညီတူညီမျှရမှု၊ တရားမျှတမှု အားလုံးကို တန်းတူရရှိသင့်သည်ဟု ယုံကြည်ကြသည်။

စည်းကမ်းလိုက်နာနေထိုင်မှု

ဩစတြေးလျနိုင်ငံသည် များပြားသော ဥပဒေများ၊ စည်းမျဥ်းစည်းကမ်းများဖြင့် ဖွဲ့စည်းထားပြီး စည်းကမ်းအားလုံးကို လိုက်နာဖို့ မျှော်လင့်ထားရမည်ဖြစ်သည်။

စိတ်လက်အေးဆေးစွာနေထိုင်နိုင်ခြင်း

ဩစတြေးလျသားများကို သက်တောင့်သက်သာအေးဆေးနေသောနိုင်ငံသားများအဖြစ် သိထားကြသည်။ လုပ်ငန်းခွင်၌လည်း ပေါ့ပေါးပါးပါးအေးအေးဆေးဆေးအလုပ်လုပ်နိုင်ပြီး ချမှတ်ထားသော မူဝါဒများ၊ လုပ်ဆောင်မှုအဆင့်များအတိုင်း သေချာလိုက်နာပြီး အလုပ်ပြီးမြောက်အောင် ဆောင်ရွက်ဖို့သာ လိုပါသည်။

ဒီမိုကရေစီကို လေးစားမှု

ဩစတြေးလျနိုင်ငံသည် လူ့တန်ဖိုးနှင့် ဒီမိုကရေစီ၏ လွတ်လပ်မှုကို တန်ဖိုးထားသော နိုင်ငံဖြစ်သည်။

ခင်မင်မှု

ဩစတြေးလျလူနေမှုဘဝတွင် ရင်းနှီးမှု၊ သစ္စာရှိမှု၊ ခင်မင်မှုများသည် အလွန်အရေးပါသည်။

ဩစီများ၏ ဟာသ

ဩစီတစ်ယောက်ဖြစ်ဖို့ ဟာသဥာဏ်ကောင်းရမည်ဖြစ်သည်။ထိုအရာသည် ဩစတြေးလျ ယဉ်ကျေးမှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ အခြားလူကို စော်ကားလိုစိတ်ဖြင့်မဟုတ်ဘဲ စကားဝိုင်းကို ပိုမိုပေါ့ပါ့းစေပြီး အခြေအနေတင်းမာမှုကို လျော့ပါးစေသည်။

ကျင့်ဝတ်

• အချိန်မှန်ဖို့ အရေးကြီးသည်။ အထူးသဖြင့် တရားဝင်ချိန်းဆိုထားသောအခါမျိုးတွင်ဖြစ်သည်။တွေ့ဆုံမှုများတွင် ပိုအရေးကြီးသည်။ မိသားစုဝင်နှင့် သူငယ်ချင်း မိတ်ဆွေများက ခွင့်လွှတ်နေးနိုင်သော်လည်း သင်နောက်ကျမည်ဆိုပါက ဖုန်းဆက်ခြင်း၊ စာပို့ခြင်းတို့ဖြင့် ယဉ်ကျေးစွာ အမြဲအကြောင်းကြားရမည်။

• အများပြည်သူသုံးယာဉ်များစီးနှင်းသည့်အခါ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူများကို ဦးစားပေးရမည်ဖြစ်ပြီး သူတို့အတွက် သတ်မှတ်ထားသော နေရာများတွင် မထိုင်မိရန် လိုအပ်သည်။

• ဆဲရေးတိုင်းထွာခြင်းသည် ဩစတြေးလျတွင် အသုံးများကြပြီး အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းများအကြားတွင် ဟာသအဖြစ် အမြဲလိုအသုံးပြုကြသည်။

• ကုန်စုံဆိုင်များတွင် တန်းစီစောင့်ဆိုင်းသည့်အခါ (သို့မဟုတ်) ယာဉ်များပေါ်မတက်ခင် တန်းစီခြင်းကို လေးစားပါ။ ကြားဖြတ်ခြင်းကို လူတွေ မကြိုက်ကြပါ။ သင့်နောက်မှာတန်းစီသူက ပစ္စည်းနည်းသည်ဆိုသော်ငြား ကြားဖြတ်ရှေ့တိုးခြင်းကို မလုပ်စေရပါဘူး။

• အသက် (၁၈) နှစ်တွင် အရက်တရားဝင်သောက်ခွင့်ပြုပြီး မိတ်ဆွေသူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်များကြားတွင် အလှည့်ကျပေးလေ့ရှိကြသည်။

• အဖွဲ့လိုက်စားသောက်ကြသည့်အခါ ကုန်ကျငွေကို ခွဲဝေပေးလေ့ရှိကြပြီး တစ်ဦးတည်းမှပေးရန် မမျှော်လင့်ရပါ။

• ယေဘူယျအားဖြင့် လူများသည် အလွန်ဖော်ရွေသဘောကောင်းကြပြီး နှိမ့်ချသောစိတ်ထားနှင့် အေးဆေးသော စိတ်နေသဘောထားကြောင့် သဘာဝအလျောက်ခွင့်လွှတ်ပေးတတ်ကြသည်။ ဤအရာသည် အခွင့်ထူးခံယူဖို့အတွက်မဟုတ်ပဲ သင့်လျော်တဲ့အချိန်မှာ အသိအမှတ်ပြုကြောင်းပြသရမည်။