Search
Search

နေ့စဉ်နေထိုင်မှု

သတင်း၊ အားကစား၊ အပန်းဖြေခြင်း

သတင်း၊ အားကစား၊ အပန်းဖြေခြင်း

သတင်းစာ၊ တယ်လီဗေးရှင်းနှင့် ရေဒီယို

အားကစား

Swimming and Outdoor safety::ရေကူးခြင်းနှင့် လုံခြုံဘေးကင်းမှု

  • သင်နှင့် သင်၏ကလေးငယ်ရေမကူးတတ်လျှင် ရေကူးနှင့် ရေထဲတွင်လုံခြုံဘေးကင်းမှုလုပ်ဆောင်နည်း သင်တန်းတက်ပါ။ သမုဒ္ဒရာထဲတွင် ရေကူးခြင်းသည် အလွန်အမင်းအန္တရာယ်များပါသည်။
  • သမုဒ္ဒရာထဲမှ ကျောက်တုံးများပေါ်မှချော်ကျခြင်း၊ ရေလှိုင်းကြီးများ (သို့မဟုတ်) ဒီရေမြင့်တက်လာချိန်များတွင် သမုဒ္ဒရာထဲသို့ မျောပါပြီး မတော်တဆဖြစ်ခြင်းမျိုးများ ရှောင်ကြဉ်ရန် သတိပေးအမှတ်အသားဆိုင်းဘုတ်များကို ဂရုစိုက်ကြည့်ရှုပါ။ မြစ်များ၊ ရေကန်များ၊ တာတမံဆည်များ တွင် ရေကူးသောအခါ သေချာဂရုစိုက်ပါ။ ဘေးအန္တရာယ်သတိပေးညွှန်ကြားချက်များ ဥပမာ (မိချောင်း အန္တရာယ် (သို့မဟုတ်) အညစ်အကြေး) သတိပေးချက်တို့ကို ကြည့်ရှု လိုက်နာပါ။ ရေကူးနေသော ကလေးများ (သို့မဟုတ်) အိမ်နောက်ဖေး ရေကူးကန်များအပါအဝင် ရေအနီးနေသော ကလေးများကို အမြဲတမ်းကြီးကြပ်ပါ။
  • ဩစတြေးလျနေအပူရှိန်သည် အလွန်ပြင်းပါသည်။ နေသာသောနေ့များတွင် ဦးထုပ်ဆောင်းခြင်း၊ အကာအကွယ်ရသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ နေလောင်ကာကွယ်မှုခံနိုင်သော ခရင်မ်များလိမ်းခြင်းဖြင့် အသားနေလောင်မှုဒဏ်မှ ကာကွယ်ပါ။ ရာသီဥတုခန့်မှန်းချက်နှင့် သတိပေးချက်များကို မှတ်သားနာယူပါ။ မီးအသုံးပြုခွင့်ပိတ်ပင်တားဆီးသောနေ့ရက်များတွင် မီးနှင့် အကင်များ သုံးစွဲခွင့်မရပါ။