နေ့စဉ်နေထိုင်မှု
နယူးဆောက်ဝေးလမ်းပန်းဆက်သွယ်ရေး
နယူးဆောက်ဝေးလမ်းပန်းဆက်သွယ်ရေး
ဩစတြေးလျသို့ အသစ်ရွှေ့ပြောင်းနေထိုင်သူများအတွက် အကြီးမားဆုံးရင်ဆိုင်ရသည့်အချက်မှာ အနီးဝန်းကျင်နှင့်သွားလိုသည့်နေရာသို့ မည်သို့သွားရမည်ကို မသိသောကြောင့် စိုးရိမ်သောကရောက်ရခြင်းဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး မြို့နယ်၊ မြို့ တခွင် (သို့မဟုတ်) နိုင်ငံတခွင်သို့သွားလာရန် နယူးဆောက်ဝေးလ်တွင် ရွေးချယ်စရာများ ရှိပါသည်။
အများပြည်သူသုံးသယ်ယူပို့ဆောင်မှု
ရထား၊ ဘတ်စ်ကား၊ ရထား (သို့မဟုတ်) ဖယ်ရီတို့သည် နယူးဆောက်ဝေးလ်တွင် ခရီးသွားလာရန် အလွယ်ကူဆုံးနှင့် စျေးအသက်သာဆုံးနည်းလမ်းဖြစ်သည်။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးသည် အခမဲ့မဟုတ်ပါ။ သို့သော် ကျောင်းသားများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးစောင့်ရှောက်မှုကဒ်ပြားကိုင်ဆောင်သူများနှင့် အားလုံးအတွက် ရုံးပိတ်ရက်များအတွင်း ယာဉ်စီးခလျှော့ချပေးပါသည်။ ယာဉ်စီးခများပေးဆောင်ရန်အတွက်
• သင့်ခရီးစဉ်ကိုစီစဉ်နိုင်ခြင်း: ခရီးစဉ်များစဆုံးအတွက် ကားမောင်းခြင်း၊ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များစီးနင်းခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း စသည်ဖြင့် နှိုင်းယှဉ်ပေးခြင်း။
• ထွက်ခွာချိန်များ: ရထား၊ မက်ထရို၊ ဘတ်စ်ကား၊ မီးရထားနှင့် ဖယ်ရီဝန်ဆောင်မှုများ၏ ထွက်ခွာချိန်များကို ကြည့်ရှုနိုင်ခြင်း။
• ခရီးစဉ်များကို ရရှိသိမ်းဆည်းခြင်း: ပုံမှန်သွားနေကျ ခရီးစဉ်များနှင့် သွားခဲ့ပြီးသောခရီးစဉ်များအား လွယ်လင့်တကူ ပိုင်ဆိုင်ရရှိခြင်းနှင့် သိမ်းဆည်းထားနိုင်ခြင်း။
.တက္ကစီဝန်ဆောင်မှု
တက္ကဆီများသည် ဩစတြေးလျ၏နေရာတော်တော်များများတွင် နေ့စဉ် (၂၄) နာရီ လည်ပတ်လျက်ရှိသည်။ တက္ကဆီမှ မီတာဒိုင်ခွက်တွင် ယာဉ်စီးခကျသင့်ငွေ ပြသထားသည်။ မြို့တော်တော်များများတွင် ဝှီးချဲသုံးသူများ (သို့မဟုတ်) မသန်စွမ်းသူများအတွက် အထူးတက္ကဆီများထားရှိပေးထားသည်။ ကလေးငယ်ဖြင့် ခရီးသွားမည်ဆိုပါက ကားငှားရန် ကြိုတင်စာရင်းပေးစဉ်ကတည်းက ကလေးထိုင်ခုံလိုအပ်မည့် အကြောင်းကို တက္ကဆီကုမ္ပဏီသို့ အသိပေးထားပါ။
စက်ဘီးစီးခြင်း
စက်ဘီးစီး၍ သွားလခြင်းမပြုခင် လမ်းစည်းကမ်းများကို နားလည်သိထားရန်အရေးကြီးသည်။ ဆိုင်ကယ်စီးမည်ဆိုပါက သင်နှင့် မည်သည့်ခရီးသည်ဖြစ်စေ ဆိုင်ကယ်စီးဦးထုပ်ဆောင်းရမည်။ သင့်ဒေသတွင်း (သို့မဟုတ်) မြို့ထဲတွင် စက်ဘီးစီးခြင်းအားပေးသည့်အနေဖြင့် စက်ဘီးလမ်းကြောင်းများ (လမ်းမကြီးပေါ် (သို့မဟုတ်) လမ်းမကြီးမဟုတ်သည့်နေရာ) (သို့မဟုတ်) စက်ဘီးစီးရန်သီးသန့်ထားသည့်နေရာများကဲ့သို့သော အထူးသီးသန့်နေရာများ စီစဉ်ပေးထားသည်။
လမ်းလျှောက်ခြင်း
ခရီးဝေးသွားရန်အတွက် လက်တွေ့မဖြစ်နိုင်သော်ငြားလည်း လမ်းလျှောက်ခြင်းသည် ကျော်ကြားသောအပန်းဖြေလှုပ်ရှားမှုဖြစ်သည်။ မီးပွိုင့်များရှိလူကူးမျဉ်းကျား (သို့မဟုတ်) လမ်းလျှောက်သူများဖြတ်သည့်နေရာမှသာလျှင် လုံခြုံစွာ လမ်းဖြတ်ကူးပါ။ လမ်းဖြတ်မကူးမှီ ဘယ်ညာသေချာစွာ ကြည့်ပြီး ဂရုစိုက်ကူးပါ။