Search
Search

နေ့စဉ်နေထိုင်မှု

ဘဏ်အကြောင်း

ဘဏ်အကြောင်း

ဩစတြေးလျကို ရောက်သည်နှင့် ပထမဆုံးလုပ်သင့်သည့်အရာများမှတခုသည် သင်၏နေ့စဉ်ဘဏ်လုပ်ငန်းစဉ်များ ဆောက်ရွက်ရန် ဘဏ်အကောင့်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ၄င်းအကောင့်အမျိုးအစားကို လုပ်ငန်းဘဏ်စာရင်း (သို့မဟုတ်) နေ့စဉ်သုံးဘဏ်စာရင်းဟု ခေါ်ဝေါ်ကြပါသည်။ ထိုဘဏ်စာရင်းအား များသောအားဖြင့် ငွေသားရရှိရန်၊ ငွေလွှဲပြောင်းရန်၊ အခွန်အခများပေးဆောင်ရန် အသုံးပြုကြပါသည်။ သင်သည်အလုပ်လုပ်နေသူဖြစ်ပါက ထိုဘဏ်စာရင်းသည် သင်၏လုပ်ငန်းရှင်မှ သင့်အားလစာပေးနိုင်မည့် ဘဏ်စာရင်းဖြစ်ပါသည်။

ဘဏ်စာရင်းဖွင့်ရန် လိုအပ်သောအသိအမှတ်ပြုစာရွက်စာတမ်းများတင်ပြသည့်အခါ ဩစတြေးလျဘဏ်များသည် အမှတ်ပေးသည့်စနစ်ကို အသုံးပြုကြပါသည်။ လိုအပ်သည့်စာရွက်စာတမ်းများကို စာရင်းနှင့် အစဉ်လိုက်ပေးထားပြီး တခုချင်းစီအတွက် ချမှတ်ထားသော အမှတ်များလည်း ပါရှိသည်။ ဘဏ်စာရင်းဖွင့်ရန်အတွက် အမှတ် ၁၀၀ အထိ ပေးထားသော စာရွက်စာတမ်းများ ရှိထားရန်လိုအပ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် လိမ်လည်မှုများကို တိုက်ဖျက်ရန် အစိုးရအတည်ပြုပြီးသော ကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်းစနစ်ဖြစ်သည်။

ဘဏ်ကြီး (၄) ခုတွင် ဘဏ်စာရင်းအသစ်ဖွင့်ရန်လမ်းညွှန် ဩစတြေးလျနှင့် မြန်မာကြား ငွေလွှဲခြင်းနှင့်ပတ်သက်ပြီး ဤဘဏ်များ၏ ဝက်ဆိုက်များတွင် ကြည့်ရှုနိူင်ပါသည်။