Search
Search

သြစတြေးလျအကြောင်း

ဩစတြေးလျ နိုင်ငံရေး စနစ်

ဩစတြေးလျ နိုင်ငံရေး စနစ်

ဩစတြေးလျတွင် အဓိက နိုင်ငံရေးပါတီ ၂ခုရှိသည်။ Liberal နှင့် National Parties တို့ပူးပေါင်းထားသော လစ်ဘရာယ်နှင့် အမျိုးသား ညွန့်ပေါင်းပါတီနှင့် Australian Labor Partyဩစတြေးလျလေဘာပါတီတို့ဖြစ်သည်။ Labor Party လေဘာပါတီသည် (23 မေ ၂၀၂၂) မှစ၍ လက်ရှိ အာဏာရပါတီဖြစ်ပြီး၊ ညွန့်ပေါင်းပါတီသည် အတိုက်အခံပါတီဖြစ်သည်။

အခြား ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလ တို့လဲရှိသည်။ ၎င်းတို့သည် ပြည်သူ့လွှတ်တော်နှင့် အထက်လွှတ်တော်တွင် တခါတရံ အာဏာချိန်ခွင်လျှာ ညီမျှမှုကိုဖြစ်ပေါ်စေသည်။တချို့ပါတီငယ်များမှာ the Greens, One Nation နှင့် the Centre Alliance တို့ဖြစ်သည်။

အဓိကပါတီများနှင့် ပါတီငယ်များသည် ကိစ္စရပ်များ ပေါ်၌မူ၀ါဒများနှင့် အယူဝါဒမတူညီမှုများရှိသည်။ ဥပမာ စီးပွားရေး၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ၊လူဝန်မှုကြီးကျပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာတို့အပေါ်တွင် ဖြစ်သည်။