ထောက်ခံပါတယ်။
အသိုက်အဝန်းဝန်ဆောင်မှုနှင့် ထောက်ပံ့မှုများ
အသိုက်အဝန်းဝန်ဆောင်မှုနှင့် ထောက်ပံ့မှုများ
ဩစတြေးလျဖယ်ဒရယ်နှင့် နယူးဆောက်ဝေးပြည်နယ်အစိုးရသည် ရွှေ့ပြောင်းနေထိုင်သူများကို အိမ်ရာ၊ နေ့စဉ်စားသောက် နေထိုင်မှုနှင့် ငွေကြေးထောက်ပံ့မှုများကို ပြုလုပ်ရန် အသိုက်အဝန်းဝန်ဆောင်မှုအဖွဲ့များသို့ ထောက်ပံ့ပေးသည်။ သင်၏လူနေမှုတန်ဖိုးနှင့်လည်း အံဝင်ဂွင်ကျ လိုက်လျောညီထွေဖြစ်ပြီး ဩစတြေးလျယဉ်ကျေးမှုတွင် ကျင့်သားရနေထိုင်နိုင်မည့် အသေးစိတ် ပရိုဂရမ်များလည်းရှိသည်။ ဩစတြေးလျလူမှု အသိုက်အဝန်းသည် ဖော်ရွေ၍ အေးဆေးကြသည်ဟုသိထားကြကာ ခက်ခဲကြမ်းတမ်း သောဘဝများကိုဖြတ်သန်းလာရ၍ ထိခိုက်နာကျင်ခံစား နေရသူများကို ထောက်ပံ့ကူညီ ပေးခြင်းဖြင့် ဂုဏ်ယူလေ့ရှိကြသည်။
Settlement Services Australia (SSI) ကဲ့သို့သောအဖွဲ့အစည်းများမှ အမှုတွဲများကို ထိရောက်စွာ စီမံထောက်ပံ့ပေးမှုနှင့်အတူ ဩစတြေးလျနေထိုင်သူအသစ်ဖြစ်လာရန်နည်းလမ်းများကို လမ်းညွှန်ပေးသည်။ ပညာရေး၊ အလုပ်အကိုင်၊ ကိုယ်စိတ် ကျန်းမာကောင်းမွန်ရေးနှင့် နေရာချထားရေး ဝန်ဆောင်မှုများပံ့ပိုးရာတွင် SSI သည် သင်နှင့် သင့်မိသားစုအတွက် ဩစတြေးလျတွင် လိုက်လျောညီထွေ ပေါင်းစပ်နေထိုင်နိုင်ရန် ပံ့ပိုးပေးသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ထို့အပြင် နယူးဆောက်ဝေးအစိုးရသည် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကို ကူညီပံ့ပိုးပေးရန် ဒုက္ခသည်အသိုက်အဝန်း၏နေထိုင်မှုထောက်ပံ့ရန်(CLS-R) ဲ့သိုသော ပရိုဂရမ်များကို ငွေကြေးထောက်ပံ့ပေးထားသည်။ CLS-R ပရိုဂရမ်သည် ငွေကြေးတွက်ချက်ပေးခြင်း၊ နေ့စဉ်အသုံးလိုသော ကုန်ခြောက်ပစ္စည်းများဝယ်ယူခြင်း၊ နေ့စဉ် လုပ်ရိုးလုပ်စဉ်များ ဖွံ့ဖြိုးတိုးတက်မှု ရှိစေခြင်း၊ သယ်ယူပို့ဆောင်ရေးကဲ့သို့သော နေ့စဉ်နေထိုင်မှုများကို ပံ့ပိုးကူညီရန် သေချာရေးဆွဲထားသော ပရိုဂရမ်ဖြစ်သည်။ ဤပရိုဂရမ်နှင့် အကျုံးဝင်ရန် သင့်နေထိုင်ရာ ရပ်ကွက်တွင်းရှိ ရပ်ရွာကျန်းမာရေးစင်တာနှင့် ဆေးကုသခြင်းဆိုင်ရာကြီးကြပ်ရေးမှူးတို့ဖြင့် ချိတ်ဆက်ထားရမည်။
သင်အခြေချနေထိုင်သည့်ကာလနှင့် နေထိုင်ပြီးနောက်ပိုင်းများတွင် သင့်အားကူညီပံ့ပိုးပေးနိုင်သည် အသိုက်အဝန်းဝန်ဆောင်မှု အချို့လည်းရှိသည်။ သင့်အတွက် ထပ်ဆောင်းထောက်ပံ့မှုများအကျုံးဝင်ရန် သင်၏အမှုတွဲကို ကိုင်တွယ်သူဝန်ထမ်းအား လိုအပ်ချက်များကို ပြောပြပေးရန်လိုအပ်သည်။ သို့မှသာ အိမ်ရာ၊ အလုပ်အကိုင်၊ ပညာရေးနှင့် ငွေကြေး ထောက်ပံ့မှုများ ရရှိနိုင်မည်ဖြစ်သည်။