Follow us on:

ဩစတြေးလျမှကြိုဆိုပါ၏

မင်္ဂလာပါ။

ကျွန်ုပ်တို့၏ မင်္ဂလာပါ အိမ်နီးချင်းများ ပရိုဂျက်သည် မြန်မာပြည်မှ အသစ်ရွှေ့ပြောင်းနေထိုင်သူများအား ဩစတြေးလျအစိုးရမှပေးသော အထောက်အပံ့နှင့် ၀န်ဆောင်မှုများကို လမ်းညွှန်ပေးနိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် ဩစတြေးလျတွင် လက်တွေ့ကျကျနေထိုင်မှုလမ်းညွှန်များပေးနိုင်ရန်နှင့် အထူးသဖြင့် နယူးဆောက်ဝေးပြည်နယ်အတွင်းနေထိုင်မှုနှင့် ဩစတြေးလျ ယဉ်ကျေးမှုများကိုလည်း လမ်းညွှန်နိုင်ရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံသည် ဩစတြေးလျမှ ၁၀နာရီ ကြာလေယာဉ်စီးရသော အကွာအ‌ဝေးဖြစ်သည့်အလျောက် ရာသီဥတု၊ လူနေမှုပုံစံနှင့် ယဉ်ကျေးမှုများကွာခြားပါသည်။ ဤ ဝဘ်ဆိုဒ်မှ မိမိတို့လိုအပ်သော အကြောင်းအရာများကို ရရှိလိမ့်မည်ဟု မျှော်လင့်ပါသည်။

ဤ ဝဘ်ဆိုဒ်ကို နယူးဆောက်ဝေးပြည်နယ် ယဉ်ကျေးမှုပေါင်းစုံဌာနမှ ငွေကြေးထောက်ပံ့ပေးပြီး၊ Good Neighbours Australia နှင့် Australia-Burma Community Development Network တို့ မှ ပူးပေါင်းပြီး ထုတ်လုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ၏ ရည်ရွယ်ချက်မှာ အတူတကွ အားလုံးပါဝင်သော ဩစတြေးလျနိုင်ငံဖြစ်စေရန်နှင့် မြန်မာပြည်မှလာသော အသစ်ရွှေ့ပြောင်းနေထိုင်သူများအား ၎င်းတို့၏ နေထိုင်ရာဒေသများ၌ ရရှိနိုင်သော အထောက်အပံ့များကိုရစေနိုင်ရန် ရည်ရွယ်ပါသည်။

ဤ စီမံကိန်းကို နယူးဆောက်ဝေးပြည်နယ်အစိုးရမှ ငွေကြေး ထောက်ပံ့သည်။

Good Neighbours Australia ဤ စီမံကိန်းကို နယူးဆောက်ဝေးပြည်နယ်အစိုးရမှ ငွေကြေး ထောက်ပံ့သည်။

Good Neighbors Australia သည် သြစတြေးလျတစ်ဝှမ်းရှိ နိုင်ငံတစ်နိုင်ငံ၏ ရိုးရာပိုင်ရှင်များကို အသိအမှတ်ပြုသည်။