Search
Search

နေ့စဉ်နေထိုင်မှု

အစားအသောက်၊ အဝတ်အထည်နှင့် အခြားမရှိမဖြစ်အိမ်သုံးပစ္စည်းများ

အစားအသောက်၊ အဝတ်အထည်နှင့် အခြားမရှိမဖြစ်အိမ်သုံးပစ္စည်းများ

အစားအသောက်ကုန်ခြောက်ပစ္စည်း

Woolworths (Woolies), Aldi နှင့် Coles ကဲ့သို့သော အဓိကကုန်ခြောက်ဆိုင်များနှင့် စူပါမားကတ်များသည် ပြည်တွင်းနှင့် ပြည်ပမှ မျိုးစုံသောစားစရာများ၊ ကုန်ခြောက်ပစ္စည်းများနှင့် အခြားမရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများကို ရောင်းချပေးပါသည်။ ဩစတြေးလျတွင် ဆိုင်ခွဲများစွာရှိပြီး သင့်အနီးအနားတွင် တဆိုင်ရှိပါလိမ့်မည်။

ကိုယ်တိုင်ဝန်ဆောင်ခြင်း၊ အမြန်ငွေရှင်းခြင်းနှင့် ကုန်ခြောက်ပစ္စည်းအမြောက်အမြားထုတ်ယူခြင်းတို့အတွက် အကြွေးကဒ် (သို့မဟုတ်) ကိုယ်ပိုင်ငွေကဒ် (သို့မဟုတ်) ငွေသားဖြင့်ပေးချေခြင်းတို့ဖြင့် အဓိကထားရွေးချယ်စရာများရှိပါသည်။ သယ်ယူပို့ဆောင်ခအပိုပေးရသော်ငြားလည်း ကုန်ခြောက်ဆိုင်များမှ အွန်လိုင်းမှလည်း ဝယ်ယူနိုင်ပြီး သင့်အိမ်အရောက်ပို့ဆောင်ပေးပါသည်။ Coles and Woolworths တွင် ပုံမှန်အားဖြင့် အထူးစျေးနှုန်းဖြင့်ရောင်းချသော ပစ္စည်းများရှိပါသည်။ (အချို့ ၅၀ % လျှော့ချထားသည်)

မြန်မာကုန်ခြောက်ပစ္စည်းများအွန်လိုင်းစတိုးနှင့် ဩစတြေးလျတခွင်ပို့ဆောင်ခြင်း

မြန်မာမှ အရည်အသွေးမြင့် ကုန်ခြောက်စားစရာနှင့် ပစ္စည်းများရောင်းချခြင်းသည် ဩစတြေးလျ ပါ့သ်မြို့တွင်အခြေစိုက်ပြီး စျေးဝယ်သူများကို စိတ်ကျေနပ်မှုရရှိစေရန် ဩစတြေးလျတခွင်သို့ ပို့ဆောင်ပြီး ဝန်ဆောင်မှုပေးပါသည်။ ထုတ်ကုန်များကို စဉ်ဆက်မပြတ်တိုးချဲ့လျက်ရှိပါသည်။

Aussie Myanmar Network

အော်စီမြန်မာကွန်ယက်သည် ငွေကြေးလွှဲပြောင်းခြင်းနှင့် ဩစတြေးလျမှမြန်မာသို့ အပြန်အလှန်ပစ္စည်းများ ပို့ဆောင်ခြင်းများတွင် အချင်းချင်းချိတ်ဆက်လုပ်ဆောင်ကြသည့် ကွန်ယက်တခုဖြစ်သည်။

အခြားမရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများ