သြစတြေးလျအကြောင်း
ရာသီဥတု နှင့် အချိန်ဇုန်များ
ရာသီဥတု နှင့် အချိန်ဇုန်များ
ရာသီဥတု
ဩစတြေးလျသည် ကမ္ဘာ့တောင်ပိုင်းတွင် တည်ရှိပြီး နွေရာသီသည် ဒီဇင်ဘာမှ ဖေဖော်ဝါရီလထိ၊ ဆောင်းဦး သည် မတ်လမှမေလထိ၊၊ဆောင်းရာသီသည် ဇွန်လမှ ဩဂုတ်ထိ၊ နွေဦးသည် စက်တင်ဘာမှ နိုဝင်ဘာထိဖြစ်သည်။
ရာသီများသည် တည်နေရာအလိုက် ကွဲပြားခြားနားသည်။ တခါတရံ နွေရာသီ၌ ဆစ်ဒနီတွင် ပျမ်းမျှ အပူချိန် ၂၅ဒီဂရီ စင်တီဂရိတ်ရှိသည်။ အက်ဒလိပ် Adelaideတွင်မူ နွေရာသီလများတွင် အပူချိန်ပျမ်းမျှ ၂၉ ဒီဂရီ စင်တီဂရိတ် ရှိသည်။ ပိုမိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ မိုးလေ၀သဌာနမှ အချက်အလက်များကို ရှာဖွေကြည့်ရှုပါ။
အချိန်ဇုန်များ
ဩစတြေးလျ၌ အချိန်ဇုန်၃ခုရှိသည်။ ဩစတြေးလျ အရှေ့ဘက်စံချိန် (AEST), ဩစတြေးလျ ဗဟိုစံတော်ချိန် (AECT) နှင့် ဩစတြေးလျ အနောက်ဘက်စံတော်ချိန် (AWST). တို့ဖြစ်သည်။
နွေရာသီအချိန်များတွင် နေအလင်းရောင်ခြွေတာချိန် Daylight Savings Time (DST) သည် အောက်တိုဘာလ၏ ပထမတနင်္ဂနွေ တွင် နာရီကိုအရှေ့တစ်နာရီတိုးပြီး ဧပြီလ ပထမတနင်္ဂနွေတွင် ပြီးဆုံးသည်။ ထိုသို့ပြောင်းလဲမှုများသည် New South Wales, Victoria, South Australia, Tasmania and Australian Capital Territory တွင်ဖြစ်ပေါ်သည်။
အောက်တိုဘာ ၁ရက် ၂၀၂၃တွင် မြန်မာပြည်သည် ဩစတြေးလျ အရှေ့ဘက်စံချိန် (AEST)နှင့် ၄နာရီခွဲနောက်ကျသည်။ သင်ရွေးချယ်ထားသော လေကြောင်းလမ်း နှင့် layover ကြာချိန်ပေါ်မူတည်ပြီး ရန်ကုန်မှ ဆစ်ဒနီသို့ ၁၇နာရီ ၃၀မိနစ်ကြာ ပျံသန်းချိန်ကြာမြင့်တတ်သည်။