Search
Search

နေ့စဉ်နေထိုင်မှု

နယူးဆောက်ဝေးပြည်နယ်မှာ ယာဉ်မောင်းနှင်ခြင်း

နယူးဆောက်ဝေးပြည်နယ်မှာ ယာဉ်မောင်းနှင်ခြင်း

ဩစတြေးလျတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများသည် မော်တော်ယာဉ်မောင်းနှင်သူများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ၊ စက်ဘီးစီးသူများ၊ လမ်းလျှောက်သူများ၊ ခရီးသည်များနှင့် အခြားသော နိုင်ငံတွင်း နေထိုင်သူများအတွက် အခြေခံချမှတ်ထားသော စည်းကမ်းများဖြစ်ပါသည်။

Your Driver’s License:

ယာဉ်မောင်းလိုင်စင်သည် သင့်အားလွတ်လပ်စွာမောင်းနှင်ခွင့်ပေးသလို တာဝန်လည်းယူတတ်စေပါသည်။ ထိုအရာသည် သင်နှင့် နယူးဆောက်ဝေးပြည်နယ်ရှိ လူမှုအသိုက်အဝန်းကြားတွင် အားလုံးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ကတိကဝတ်ထားရှိစေသည့် စာရွက်စာတမ်းဖြစ်သည်။ ထိုလိုင်စင်ရရှိရန်အတွက် သတ်မှတ်ထားသော လုပ်ဆောင်မှုအဆင့်များနှင့် သတ်မှတ်ထားသော အဖိုးအခများရှိပါသည်။ သင်သည် လုပ်ဆောင်မှုအဆင့်များကို ရိုးသားစွာလုပ်ဆောင်ရမည် ဖြစ်ပြီး လာဘ်ထိုးခြင်း (သို့) မရိုးသားသည့်နည်းလမ်းများ မပြုလုပ်ရပါ။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဉ်မှားယွင်းမောင်းနှင်မှုများအတွက် ချမှတ်ခံရသော ပြစ်မှုအမှတ်များ၊ သင့်ယာဉ်ကို မည်သို့စာရင်းသွင်းရမည်၊ ယာဉ်မောင်းလိုင်စင်မည်သို့ရနိုင်မည်၊ လမ်းတံတားဖြတ်သန်းခများ မည်သို့ပေးရမည်များကို သိရှိနိုင်ရန်အတွက် ပိုမိုလေ့လာပါ။

အကယ်၍ သင်သည် နိုင်ငံတကာခရီးသွားသူဖြစ်ပါက သင်၏ ပြည်ပယာဉ်မောင်းနှင်ခွင့်လိုင်စင်ဖြင့် ထိုလိုင်စင်မှ ချမှတ်ထားသော စည်းကမ်းများနှင့် သြစတြေးလျမှ ချမှတ်ထားသောဥပဒေများကို လိုက်နာပါက ဩစတြေးလျတွင် မောင်းနှင်နိူင်ပါသည်။ သို့ရာတွင် လမ်းစည်းကမ်းများသည် ပြည်နယ်တစ်ခုနှင့တစ်ခု အနည်းငယ်ကွဲပြားချက်များ ရှိနိုင်သောကြောင့် သင်မောင်းနှင်လိုသည့်ပြည်နယ်မှ ချမှတ်ထားသော စည်းကမ်းများကို လေ့လာပါ။

မော်တော်ယာဉ်ငှားရမ်းခြင်းနှင့် ငှားရမ်းသည့်မော်တော်ယာဉ်အားမောင်းနှင်ခြင်း

ော်တော်ယာဉ်မငှားရမ်းမီ အငှားစာချုပ်တွင်ပါရှိသော အချက်အလက်များကို သေချာဖတ်ရှုခြင်း၊ ယာဉ်၏ကြံ့ခိုင်မှုအားစစ်ဆေးခြင်း၊ လမ်းစည်းကမ်းများကို သေချာနားလည်မှုရှိခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ပါက မည်သို့လုပ်ဆောင်ရမည်တို့ကို အချိန်ပေးပြီး သေချာလေ့လာလုပ်ဆောင်ပါ။ နယူးဆောက်ဝေးပြည်နယ်တွင် အငှားယာဉ်ဖြင့်မောင်းနှင်ခြင်းကို ကန့်သတ်ထားသည့်နေရာမရှိပါ။ သို့ရာတွင် ယာဉ်ကို တရားဉပဒေမဲ့လုပ်ရပ်များကိုမပြုလုပ်ရန်နှင့် မော်တော်ယာဉ်အငှားစာချုပ်ပါအချက်အလက်များနှင့်အညီ မောင်းနှင်ရပါမည်။ နယူးဆောက်ဝေးပြည်နယ်တွင် မော်တော်ယာဉ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ဖော်ပြပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိူင်ပါသည်။