သြစတြေးလျအကြောင်း
ပထမနိုင်ငံလူမျိုး
ပထမနိုင်ငံလူမျိုး
Aboriginal and Torres Strait ကျွန်းသားလူမျိုးများသည် ဤမြေ၏ ရိုးရာထိန်းသိမ်းသူများဖြစ်ကြသည်။ ယနေ့အချိန်ထိ ရိုးရာများ ယဉ်ကျေးမှုများ၊ ဘာသာစကားအမျိုးမျိုးတို့ကို ကျင့်သုံးနေကြသည်။ ထိုအရာများသည် ဩစတြေးလျနိုင်ငံသားများ၏ သဘာ၀ပတ်ဝန်းကျင်၊ စီးပွားရေးနှင်ံ ယဉ်ကျေးမှုများကို ယခုအချိန်ထိ အထောက်အကူပြုနေကြသည်။ ၂၀၁၁အစီအရင်ခံစာများအရ Aboriginal and Torres Strait ကျွန်းသားလူမျိုးများမှာ ၆၇၀,၀၀၀ခန့်ရှိပြီး ထိုပမဏသည် ဩစတြေးလျလူဦးရေ၏ ၃ရာခိုင်နှုန်းပါဝင်နေသည်။

မူရင်းလူမျိုးအလံ
မူရင်းလူမျိုးအလံသည် မူရင်းလူမျိုးတို့၏ စည်းရုံးမှုနှင့် မူရင်းဖြစ်မှု အထောက်အထားကိုပြသော သင်္ကေတဖြစ်သည်။ အလံ၏ အနက်ရောင်နေရာသည် မူရင်းလူမျိုးတို့ကို ကိုယ်စားပြု၍ အဝါရောင်သည် နေကို ကိုယ်စားပြုပြီး အနီရောင်သည် မြေကြီးနှင့် လူတို့၏မြေကြီးနှင့်ပတ်သတ်မှုကို ကိုယ်စားပြုသည်။ ၎င်းသည် မူရင်းလူမျိုးများ ပွဲလမ်းများတွင် သုံးသော မြေကြီးမှုန့်အရောင်ကိုလည်း ကိုယ်စားပြုသည်။

Torres Strait ကျွန်းသားအလံ
Torres Straitကျွန်းသားလူမျိုးများအလံသည် ထိုလူမျိုးတို့၏ အမှတ်အသားနှင့် သင်္ကေတ ဖြစ်သည်။Torres Strait ကျွန်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု များသည် အလံကကိုယ်စားပြုထားသော အရာများဖြစ်ကြသည့်မြေကြီး၊ ပင်လယ်၊ ကောင်းကင်တို့နှင့် လေးနက်စွာ ဆက်စပ်နေသည်။ အလံ၏ထိပ်နှင့်အောက်ခြေရှိ အစိမ်းရောင်သည် မြေကိုကိုယ်စားပြုပြီး အလယ်မှ အပြာရောင်သည် ပင်လယ်ကို ကိုယ်စားပြုသည်။ အမဲရောင်အတန်းသည် ကျွန်းသားလူမျိုးတိုကို ကိုယ်စားပြုသည်။ အလံ၏အလယ်တွင်မူ အဖြူရောင်ခေါင်းဆောင်းအမှတ်အသားသည် ၎င်းတို့၏ ယဉ်ကျေးမှုကို ဖော်ပြသည်။
ိုင်ငံကိုအသိအမှတ်ပြုခြင်း။
ပွဲတော်များ အခန်းအနားများ၏အစတွင် နိုင်ငံ၏ မူလပထမ မြေပိုင်ရှင်များကို အသိအမှတ်ပြုကြောင်း ပြောဆိုမှုကို ယနေ့ ကျွန်ုပ်တို့ နေထိုင်သော ဩစတြေးလျနိုင်ငံနှင့် ပထမလူမျိုးများကြား ဆက်နွယ်မှုကို အလေးထားကြောင်းပြသရန် ရည်ရွယ်၍ ပြုလုပ်လေ့ရှိသည်။
Good Neighbours Australia acknowledges the traditional owners of the country throughout Australia. We are registered as a charity with the Australian Charities and Not-for-Profits Commission (ACNC), and have Deductible Gift Recipient (DGR) status with the ATO. As an agent of change, Good Neighbours Australia is committed to sustainable development, focusing on social, economic and environmental initiatives to overcome poverty and inequality in the communities we work in. ©2023 Good Neighbours Australia ABN 95 510 669 822