သြစတြေးလျအကြောင်း
ဩစတြေးလျ၏ အစိုးရအဆင့် ၃ခု
ဩစတြေးလျ၏ အစိုးရအဆင့် ၃ခု
ဥပဒေပြုလွှတ်တော်မှ အုပ်ချုပ်သော Australia Capital Territory (ACT) မှလွဲပြီး ဩစတြေးလျ၏ ပြည်နယ်နှင့် နယ်မြေတိုင်းတွင် အစိုးရ အဆင့် ၃ခုရှိသည်။
ဖယ်ဒရယ် အစိုးရ
- ဥပဒေပြုရေး လုပ်ဆောင်ချက်များ (ဥပဒေရေးဆွဲခြင်း)၊
- ကိုယ်စားပြု လုပ်ဆောင်ချက်များ (မဲပေးသူများနှင့် ပြည်သူများ၏ အကျိုးကို ကိုယ်စားပြုသည်)၊
- ဥပဒေများကို စီမံနိုင်ရန် အစိုးရဖွဲ့ခြင်းနှင့် ဓနသဟာယ ၏ ကိစ္စအဝဝကို စီမံခန့်ခွဲခြင်းနှင့်
- စီစစ်ရေးနှင့် တာဝန်ခံမှုဆိုင်ရာ အလုပ်များ(အစိုးရလုပ်ဆောင်ချက်အရည်အသွေးများကို မေးခွန်းထုတ်ခြင်း)
ပြည်နယ်/နယ်မြေအစိုးရ
ပြည်နယ်/နယ်မြေအစိုးရ၏ တာဝန်များမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ရှိသော ဖယ်ဒရယ်တာဝန်များဟုမဖော်ပြထားသည့် အရာများ အား လုံးပါဝင်သည်။ ထိုတာဝန်များမှာ
- ေးရုံများနှင့် ကျောင်းများ၊
- အရေးပေါ်ဝန်ဆောင်မှုများ၊
- ဥပဒေနှင့် အမိန့်တာ၀န်များ၊
- အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့်
- ေ၊ လျှပ်စစ်နှင့် ဓာတ်ငွေ့ ဖြန့်ဝေရေး
ဒေသဆိုင်ရာ အစိုးရ
(ACT) မှလွဲ၍ ပြည်နယ်၊ နယ်မြေတိုင်းရှိ ဒေသဆိုင်ရာအစိုးရတိုင်းတွင် သီးခြားစနစ်ရှိကြသည်။ ဒေသဆိုင်ရာအစိုးရ နယ်ပယ်များကို ကောင်စီ၊ စည်ပင်သာယာအဖွဲ့များ၊ရပ်ကွက် နှင့် ကျေးရွာများဟုခေါ်ကြသည်။ တစ်ခုချင်းစီကို ကောင်စီကအုပ်ချုပ်ပြီး ကောင်စီသည် ဒေသ၊မြို့နယ်၊ မြို့ငယ်ဆိုင်ရာ ကိစ္စများကို ဆုံးဖြတ်သည် ။ ဖယ်ဒရယ်နှင့် ပြည်နယ်ဆိုင်ရာ ရံပုံငွေများကို ရရှိရန် အပြင် ဒေသဆိုင်ရာ အစိုးရသည် ၎င်းတို့၏ နယ်ခံများထံမှ ဘဏ္ဍာ ငွေရှာရသည်၊ အထူးသဖြင့် အခြားအခကြေးငွေများ ကောက်ခံခြင်းမှ ဘဏ္ဍာ ငွေများရှာဖွေသည်။ ဒေသဆိုင်ရာအစိုးရသည် အကောက်ခွန်များကို မြှင့်တင်ရန် အာဏာမရှိပါ။