Search
Search

Services

တပြည်လုံးဆိုင်ရာ မသန်စွမ်း အာမခံ အစီအစဉ် ( NDIS)

တပြည်လုံးဆိုင်ရာ မသန်စွမ်း အာမခံ အစီအစဉ် ( NDIS)

တပြည်လုံးဆိုင်ရာ မသန်စွမ်း အာမခံ အစီအစဉ် (NDIS) သည် တပြည်လုံးဆိုင်ရာမသန်စွမ်းအာမခံအေဂျင်စီ (NDIA) မှ မသန်စွမ်း ရံပုံငွေအား စီမံခန့်ခွဲပေးသည့် အစီအစဉ်ဖြစ်သည်။ လူတစ်ယောက်သည် ကြီးမားသော မသန်စွမ်းခြင်းဖြင့် ထာဝရနေနေရလျှင် NDIS မှနေ၍ အထူးငွေကြေးထောက်ပံ့မှုကို ရရှိနိုင်သည်။

NDIS ၏ ရည်ရွယ်ချက်သည် မသန်စွမ်းသူများအတွက် စစ်မှန်သောလိုက်လျောညီထွေဖြစ်မှုနှင့် ရွေးချယ်မှုများရရှိနေထိုင်နိုင်ရန်ဖြစ်သည်။ ဤအစီအစဉ်တွင် ပါဝင်သူများသည် ၎င်းတို့ကိုယ်တိုင်အတွက်ဖြစ်စေ၊ ၎င်းတို့၏မိသားစုများအတွက်ဖြစ်စေ၊ ၎င်းတို့၏ စောက်ရှောက်သူများအတွက်ဖြစ်စေ တစ်ဉီးချင်း ရံပုံငွေထုတ်ယူခွင့်ရရှိသည်။

NDIS လျှောက်ထားရန်နှင့် လုပ်ဆောင်မှုများအဆင့်များအတွက် သတင်းအချက်အလက်များကို ဤလင့်ခ်တွင် ရှာဖွေကြည့်ရှုနိုင်သည်။

My Aged Care (ကျွန်ုပ်၏သက်ကြီးရွယ်အိုစောင့်ရှောက်မှု)

My Aged Care (ကျွန်ုပ်၏သက်ကြီးရွယ်အိုစောင့်ရှောက်မှု) သည် သက်ကြီးရွယ်အိုများ၊ ၎င်းတို့၏မိသားစုများနှင့် ပြုစုစောင့်ရှောက်ပေးသူများကို ကူညီရန် ဩစတြေးလျအစိုးရမှ ရံပုံငွေပေးထားသော ဝန်ဆောင်မှုနှင့် သတင်းအချက်အလက်များကို ရရှိရန်ဖြစ်သည်။ လျှောက်လွှာနှင့်အကဲဖြတ်ခြင်းများသည် အွန်လိုင်းမှ တဆင့်လုပ်ဆောင်နိုင်သည်။ သင်၏လိုအပ်ချက်များနှင့် ကိုက်ညီမည့် ဒေသခံသက်ကြီးရွယ်အိုစောင့်ရှောက်သည့်အဖွဲ့များကို ရှာဖွေနိုင်သလို၊ သင်၏ My Aged Care အွန်လိုင်းအကောင့်မှဖြင့်လည်း လျှောက်ထားသူများ၏ အချက်အလက်များကို ရရှိစေသည်။

သင်၏ နေ့စဉ်နေထိုင်မှုအတွက် အကူအညီလိုအပ်လျှင် သို့မဟုတ် သက်ကြီးစောင့်လျှောက်မှု ဂေဟာသို့ သွားချိန်တန်လျှင် My Aged care မှ အကူအညီပေးပါမည်။ မိမိနေအိမ်တွင်ပင် နေထိုင်ရင်း ရရှိနိုင်သော ဝန်ဆောင်မှုများ နှင့် သက်ကြီးစောင့်လျှောက်မှု ဂေဟာတွင် တွေ့ကြုံရမည့် ဝန်ဆောင်မှုများကို လည်းရှာ‌ ဖွေ ရရှိနိုင်ပါသည်။

My Aged Care ကို အောက်ပါလင့်ခ်မှ စတင်ရယူပါ။