Search
Search

ထောက်ခံပါတယ်။

အခြားမရှိမဖြစ်လိုအပ်သော ကျန်းမာ‌ရေးဝန်ဆောင်မှု/အရေးပေါ်ဆက်သွယ်ရမည့်နံပါတ်များ

အခြားမရှိမဖြစ်လိုအပ်သော ကျန်းမာ‌ရေးဝန်ဆောင်မှု/အရေးပေါ်ဆက်သွယ်ရမည့်နံပါတ်များ

ရဲ၊ မီးသတ်နှင့် အရေးပေါ်ကား 000

သုည (၃) လုံးဝန်ဆောင်မှုသည် အရေးပေါ်ဝန်ဆောင်မှုအတွက်ဆက်သွယ်အကူအညီရယယရန်အ မှန်ကန်ဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်းဖြစ်သည်။ အရေးပေါ်အခြေအနေများနှင့် အသက်အန္တရာယ်ကြုံတွေ့ရပါက ရဲ၊ မီးသတ်နှင့် အရေးပေါ်ကားတို့ကို ဆက်သွယ်နိုင်ပါသည်။

ဘဝနှင့်ဆိုင်သောလိုင်း(Lifeline) 13 11 14

လိုက်ဖ်လိုင်းသြစတြေးလျသည် စိတ်ကျရောဂါခံစားနေရပြီး အကျပ်အတည်း ရင်ဆိုင်နေရသူများကို ထောက်ပံ့ရန်နှင့် မိမိကိုယ်ကိုသတ်သေခြင်းများမှ ကာကွယ်မှုပေးရန် တပတ်လုံး နေ့စဉ် (၂၄)နာရီ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသော အမျိုးသားပရဟိတအဖွဲ့ဖြစ်သည်။ ၁၃ ၁၁ ၁၄ တို့သို့ ဖုန်းခေါ်ခြင်း၊ စကားပြောဆိုခြင်း၊ စာပေးပို့ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။

စိတ်ကျန်းမာရေးထောက်ပံ့မှုအတွက် ဖုန်းနံပါတ်(Mental Health line) 1800 011 511

စိတ်ကျန်းမာရေးဆေးခန်းဝန်ထမ်းများမှ ဖုန်းလက်ခံဖြေကြားခြင်းနှင့် လွှဲပြောင်းပေးခြင်းများကို တပတ်လုံး နေ့စဉ် (၂၄)နာရီ (ပိတ်ရက်မရှိ) ဝန်ဆောင်မှုပေးသည်။ ဤဝန်ဆောင်မှုသည် ရောဂါလက္ခဏာများ၊ အရေးတကြီးပြုစုစောင့်ရှောက်မှု လိုအပ်သူများနှင့် ‌‌ဒေသတွင်းဝန်ဆောင်မှုပေးသူများ၏ သတင်းအချက်အလက်များပေးရန်ဖြစ်သည်။

Beyond Blue 1300 224 636

စိတ်ကျဝေဒနာနှင့် ကိုယ့်ကိုယ်ကိုသတ်သေမှုကို ရပ်တန့်ရန် ထောက်ပံ့မှု

ကလေးများဆိုင်ရာ အကူအညီလိုင်းKids Helpline 1800 55 1800

ကလေးသူငယ်ကူညီမှုလိုင်းသည် အသက် (၅) နှစ်မှ (၁၂) နှစ်ကလေးငယ်များ၊ ဆယ်ကျော်သက်များ၊ လူရွယ်များ၊ မိဘများနှင့်ဆရာများ၊ ကျောင်းများနှင့် ဆရာများအတွက် ဝန်ဆောင်မှုပေးသည်။

National Relay Service 1300 555 727

သင်သည် နားမကြားသူ (သို့မဟုတ်) ဖုန်းပြောစဉ်တွင် ကြားရန် (သို့မဟုတ်) နားထောင်ရန်ခက်ခဲသူဖြစ်ပါက NRS မှ သင့်ကို ကူညီနိုင်ပါသည်။ NRS သည် သင်၏လိုအပ်ချက် နှင့်ဦးစားပေးမှုပေါ်မူတည်၍ ဖုန်းခေါ်သည့်ဝန်ဆောင်မှုအမျိုးမျိုးကို လုပ်ဆောင်ကူညီပေးသည်။

1800 Respect 1800 737 732

ဤဝဘ်ဆိုက်သည် မသန်စွမ်းသူများအတွက် လွယ်ကူစွာ အသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။ သင်သည် မျက်မမြင် (သို့မဟုတ်) အမြင်အာရုံချို့ယွင်းသူဖြစ်ပါက မျက်နှာပြင်ဖတ်စက်ဖြင့် စာဖတ်နိုင်သည်။

တစ်နိုင်ငံလုံးဆိုင်ရာအရက်နှင့်မူးရစ်ဆေးဝါးအကူအညီပေးမှုNational Alcohol & Drug Helpline 1800 250 015

သင် (သို့မဟုတ်) တစုံတယောက်မှ အရက် (သို့မဟုတ်) အခြားသော မူးယစ်ဆေးဝါးများနှင့်ပတ်သက်ပြီး ပြဿနာရှိပါက ထောက်ပံ့မှုရရှိရန် ရွေးချယ်စရာ အများအပြား ရှိပါသည်။