Search
Search

Services

ဩစတြေးလျ အခွန်ရုံး/Superannuation

ဩစတြေးလျ အခွန်ရုံး/Superannuation

ဩစတြေးလျ အခွန်ရုံး

ထိုအရာများတွင် ဝင်ငွေခွန်‌ ကောက်ခံခြင်း၊ ဩစတြေးလျ ပြည်နယ်နှင့် နယ်မြေများကိုယ်စား ကုန်စည်နှင့် ဝန်ဆောင်မှုအခွန် (GST)ကိုစီမံခန့်ခွဲခြင်း၊ ရပ်ရွာအတွက် လွှဲပြောင်းခြင်းနှင့် အကျိုးခံစားခွင့်များပေးသည့် ပရိုဂရမ်များစွာကို စီမံခန့်ခွဲခြင်း၊ ဩစတြေးလျနိုင်ငံ၏ အတိုးနှုန်းစနစ်၏ အဓိကကဏ္ဍများကို စီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းတို့ ပါဝင်သည်။ ထို့အပြင် သြစတြေးလျစီးပွားရေးမှတ်ပုံတင်ဆိုင်ရာ ထိန်းသိမ်းနိုင်ရန်လဲဖြစ်သည်။

မည်သူမဆို ဩစတြေးလျ၌ အလုပ်လုပ်လိုလျှင် သို့မဟုတ် အလုပ်လုပ်ရန် အကျုံးဝင်သည် ဆိုပါက Tax File Number (TFN) တက်စ်ဖိုင်နံပါတ် ရှိရမည်ဖြစ်သည်။

Superannuation

Superannuation, or 'super', သည် သင်ပင်စင်ယူသည့်အခါ သုံးစွဲနိုင်ရန် သင်၏အလုပ်ရှင်က သင်အလုပ်လုပ်နေသည့် ကာလအတွင်း စုငွေသပ်သပ်ထားပေးထားခြင်းဖြစ်သည်။ စူပါသည် သင့်အတွက် အလွန်အရေးပါသည်။ များများစုထားလျှင် သင်အလုပ်မှအနားယူချိန်၌ များများ ရှိနေမည်ဖြစ်သည်။ စူပါကို အချို့သောအခြေအနေမျိုးမှာမှ ထုတ်ယူနိုင်သည်။ ဥပမာ- ၆၅နှစ်ပြည့် ပင်စင်ယူသည့်အခါတွင်ဖြစ်သည်။

လူအများစုအတွက် သင်၏အလုပ်ရှင်က သင်၏ စူပါအကောင့်ထဲ သို့ စုငွေထည့်ပေးထားခြင်းကို စူပါအာမခံဟုခေါ်သည်။, ထိုစူပါသည် သင်၏လစာနှင့် လုပ်အားခတို့အပြင် အပိုဆောင်းထပ်ပေးသည့်အရာဖြစ်သည်။ သင်၏အလုပ်ရှင်မှ စူပါ မည်မျှပေးရမည်ကို သတ်မှတ်ထားသော ဥပဒေများ ရှိကြသည်။

ဇူလိုင်လ ၁ရက်နေ့ ၂၀၂၂ မှနေ၍ သင့်အလုပ်ရှင်မှ သင်တစ်လကို လစာမည်မျရသည်ဖြစ်စေ စူပါပေးရမည်ဖြစ်ပြီး ၁၈နှစ်အောက်ဆိုပါက စူပါ ရနိုင်ရန် အတွက် တစ်ပတ်လျှင် နာရီ ၃၀ အလုပ်လုပ်ရမည်ဖြစ်သည်။