သြစတြေးလျအကြောင်း
ဩစတြေးလျနှင့် ဆိုင်သော အချက်အလက်မျာ
ဩစတြေးလျနှင့် ဆိုင်သော အချက်အလက်မျာ
ဩစတြေးလျနှင့် ဆိုင်သော အချက်အလက်မျာ
- ပြည်နယ်ဦးစီးချုပ်– ဘုရင် ချားလ်စ် ၃
- ပြည်နယ်ခေါင်းဆောင်- ချားလ်စ်ဘုရင်
- ဝန်ကြီးချုပ်- အန်တိုနီ အယ်လ်ဘေးနီးစ်
- မြို့တော်: ကင်ဘာရာ
- ဩစတြေးလျသည် ပြယ်နယ် ၆ခုနှင့် နယ်မြေပိုင်းခြား၂ခုရှိသည်။
- အဓိကဘာသာစကား: အဂ်လိပ်
- ဧရိယာအကျယ်အဝန်း: ၇,၆၉၂,၀၂၄ စကွဲ ကီလိုမီတာ
- လူဦးရေ: မတ်လ ၂၀၂၃တွင် ဩစတြေးလျ ရှိ လူဦးရေ ပျှမ်းမျှအားဖြင့် ၂၆.၃ သန်း (Source: ဩစတြေးလျ စာရင်းအင်း ဗျူရို Australian Bureau of Statistics)
- ယဥ်ကျေးမှု: သဟာယစိတ်ဓါတ်၊ စစ်မှန်မှု၊ မတူကွဲပြားမှု
ဩစတြေးလျ ပြည်နယ်နှင့် နယ်မြေများ

နယူးဆောက်ဝေး

ကွင်းစလန်

တောင်ဩစတြေးလျ

တက်စမေးနီးယား

ဝိတိုရိယ

အနောက်ဩစတြေးလျ
အတွင်းပိုင်းနယ်မြေများမှာ:

ဩစတြေးလျ မြို့တော်နယ်မြေ

မြောက်ပိုင်း နယ်မြေ
ဩစတြေးလျနိုင်ငံအလံ
ဩစတြေးလျအလံသည် Union Jackနှင့် အပြာရောင်နောက်ခံ ဖြစ်ပြီး အပေါ်ဘယ်ဘက်ထောင့်တွင် ဗြိတိသျှအလံပါသည်။ တောင်ပိုင်းလက်ဝါးကပ်တိုင် ကြယ်စု၊ ဓနသဟာယကြယ်၊ စိန့်ဂျော့ချ် စိန့်အင်ဒရူး စိန့်ပက်ထရစ် လက်ဝါးကပ်တိုင်များကို ကိုယ်စားပြုထားသော ကြယ်စုလည်း ပါဝင်သည်။
ဓနသဟာယကြယ်တံဆိပ်သည် ဩစတြေးလျ ဖယ်ဒရေးရှင်း အမှတ်အသားဖြစ်သည်။ ကြယ်ဖြူ၏ ထောင့်ခြောက်ခုသည် ပြည်နယ်၆ခုဖြစ်ပြီး ၇ခုမြောက်သည် နယ်မြေပိုင်းခြားများကိုကိုယ်စားပြု၍ ဖယ်ဒရယ်ပြည်နယ်များဖြင့် ဖွဲ့စည်းထားသော ဓနသဟာယ ဩစတြေးလျနိုင်ငံတော် ဖြစ်သည်။
ဤအလံသည် ဩစတြေးလျ၏ အမှတ်အသား၊ သမိုင်း၊မြေ၊နှင့် တန်ဖိုးများကို ကိုယ်စားပြုသည်။ ဩစတြေးလျ၏ ဗြိတိသျှ အင်ပါယာနှင့် ဆက်စပ်မှုကိုဖော်ပြပြီး ၎င်း၏ ပြည်နယ်နှင့်နယ်မြေများကို ကိုယ်စားပြုသည်။ ဤအလံသည်ဂုဏ်သ ရေရှိစွာဖြင့် ဩစတြေးလျနိုင်ငံသားအားလုံး တန်းတူညီမျှစွာ ပိုင်ဆိုင်သည်။
ဩစတြေးလျနိုင်ငံရှိ ယဉ်ကျေးမှုကွဲပြားမှု (၂၀၂၁ စာရင်းအရ)

27.6%
လူဦးရေ၏၂၇.၆ % သည် ပြည်ပတွင် မွေးဖွားသည်။
အင်္ဂလိပ်စကား မှလွဲပြီ၍ အိမ်၌ပြောသောအဓိကဘာသာစကား ၅မျိုးမှာ-
- မန်ဒရင်းတရုတ်စကား (၂.၇%)
- အာရပ်ဘာသာစကား ၁.၄%)
- ဗီယက်နမ်ဘာသာစကား (၁.၃%)
- ကန်တုံနီ တရုတ်စကား(၁.၂%)
- နှင့် ပန်ဂျာဘီဘာသာစကား(၀.၉%)
အဓိကကိုးကွယ်မှု ၅မျိုးမှာ-
- ဘာသာမဲ့ (၃၈.၉%)
- ကက်သလစ်(၂၀%)
- အင်္ဂလီကန် (၉.၈%)
- အစ္စလာမ် (၃.၂ %)
- ဟိန္ဒူဘာသာ (၂.၇%)