နေ့စဉ်နေထိုင်မှု
Phone and Internet
Phone and Internet
သြစတြေးလျတွင် လက်ကိုင်ဖုန်းနှင့် အိမ်တွင်အထိုင်တပ်ဆင်ထားသော လိုင်းဖုန်းဟူ၍ ရှိပါသည်။
ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး အစီအစဥ်များဖြင့် စာချုပ်များရှိပါသည်။ ဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှုများကို နှိုင်းယှဉ်ရန်အတွက် အွန်လိုင်းပေါ်တွင် ‘ လက်ကိုင်ဖုန်းအစီအစဉ် (mobile plan)’, ‘အထိုင်ဖုန်းအစီအစဉ် (landline plan)’ နှင့် ‘အင်တာနက်အစီအစဉ် (internet plan)’ တို့ကို စာရိုက်ရှာပြီး အစီအစဉ်သတ်မှတ်ချက်များကို လေ့လာနိူင်ပါသည်။
ဤအချက်များသည် သြစတြေးလျမှ ဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှုစာချုပ်များတွင် အများစုတူညီသော အချက်များဖြစ်ပါသည်။
- ဝန်ဆောင်မှုများသည် ချိတ်ဆက်ခ အမြဲပေးရန် လိုအပ်သည်။ တစ်နှစ်စာ (သို့မဟုတ်) နှစ်နှစ်စာ စာချုပ်များကို ချုပ်ဆိုရမည်ဖြစ်သော်လည်း ရွေးချယ်ရန်အတွက် ပိတ်ပင်ထားသော စာချုပ်များမရှိပါ။
- အများစုသော လက်ကိုင်ဖုန်းဝန်ဆောင်မှုများတွင် လက်ကိုင်ဖုန်းကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ်အတွက် လစဉ် ဖုန်းခေါ်ဆိုခွင့်၊ အင်တာနက်သုံးစွဲခွင့်များပါဝင်ပြီး ခွင့်ပြုထားသည့်ပမာဏထက် ကျော်လွန်သုံးစွဲပါက အပိုထပ်ဆောင်း ပေးဆောင်ရပါမည်။
- ဝန်ဆောင်မှုများတွင် သင်သည် လစဉ်အသုံးပြုခွင့်၏ ၅၀%၊ ၈၅%၊ ၁၀၀% ထက်ကျော်လွန်သုံးစွဲသည့်အခါတိုင်းတွင် အသိပေးသည့် ဖုန်းသို့ စာတိုပေးပို့ခြင်း၊ အီးမေးလ်ပေးပို့ခြင်းများ ပါရှိပါသည်။
- သင်သည် အသုံးမပြုခင် ကြိုတင်ပေးဆောင်ရသောဝန်ဆောင်မှု (သို့မဟုတ်) အသုံးပြုပြီးမှ ပေးဆောင်ရသော ဝန်ဆောင်မှု (ဝန်ဆောင်မှုပေးသူမှ သင့်ထံသို့ ပုံမှန်ကျသင့်ငွေတောင်းခံလွှာပို့ပါမည်) ဟူ၍ ရွေးချယ်နိူင်ပါသည်။
တယ်လီဖုန်းနှင့် အင်တာနက်အသုံးပြုခ ကျသင့်ငွေတောင်းခံလွှာရရှိပြီး သတ်မှတ်ထားသည့်ရက်တွင် မပေးသွင်းနိူင်ပါက ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသို့ ဆက်သွယ်သင့်ပါသည်။
လစဉ်တယ်လီဖုန်းခေါ်ဆိုခွင့်များတွင် များသောအားဖြင့် အခြားနိုင်ငံများသို့ ခေါ်ဆိုခွင့်များ မပါဝင်ပါ။ ၄င်းခေါ်ဆိုမှုများသည် စျေးကြီးနိူင်ပါသည်။
သင့်အိမ်တွင် အင်တာနက်ချိတ်ဆက်လိုပါက (သို့မဟုတ်) ကြိုးမဲ့ကိရိယာမှတဆင့် ချိတ်ဆက်လိုပါက အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါလိမ့်မည်။ စာချုပ်၌ လက်မှတ်မထိုးမှီ ဝန်ဆောင်ခပေးဆောင်နိုင်စွမ်းနှင့် ဝန်ဆောင်မှုသည် သင်၏လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မှုရှိဖို့ သေချာလုပ်ဆောင်ရန်လိုသည်။
အကြံပြုချက်။ ။ အခမဲ့ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ ဗွီဒီယိုခေါ်ဆိုခြင်းဝန်ဆောင်မှုများလည်း ရွေးချယ်စရာများပြားစွာရှိပြီး အောက်ပါလင့်ခ်များမှ မျိုးစုံသော အက်ပ်များတွင် ရွေးချယ်နိူင်ပါသည်။