Search
Search

မြန်မာအသိုက်အဝန်း

သြစတြေးလျ-မြန်မာအသိုက်အဝန်း

သြစတြေးလျ-မြန်မာအသိုက်အဝန်း

နယူးဆောက်ဝေးမှာရှိနေသော မြန်မာအဖွဲ့အစည်းများနှင့်မြန်မာအသိုက်အဝန်းအဖွဲ့များအား သင်ဆန္ဒရှိသလောက် ချိတ်ဆက်ဝင်ရောက်နိုင်ပါသည်။ သြစတေးလျ၌ရှိသော စိတ်တူကိုယ်တူမြန်မာလူမျိုးများနှင့်ဆက်သွယ်ရန် အောက်ပါလမ်းညွှန်ကိုကျေးဇူးပြု၍အသုံးပြုပါ။

တနိုင်ငံလုံး

ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ မြန်မာအသိုက်အဝန်းများကို အရင်းအမြစ်များ၊ အတွေ့အကြုံများ၊ အခွင့်အလမ်းများ၊ အထောက်အပံ့များ ပံ့ပိုးပေးပြီး မိမိကိုယ်ကို တိုးတက်အောင်လုပ်ဆောင်နိုင်စေရန် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

ဩစတြေးလျတွင် အခြေချနေထိုင်သော ကချင်လူမျိုးများ၏လိုအပ်မှုများကို ဝန်ဆောင်မှုပေးရန်ဖြစ်သည်။ (ခန့်မှန်း ၂၀၀၆)

ဂကောံမန်ဍုင်အဝ်သတြေလျာ။ Australia Mon Association Inc

ဤကော်မတီ၏ရည်ရွယ်ချက်သည် ဩစတြေးလျတွင် အခြေချနေထိုင်သော ကရင်လူမျိုးများအတွက် အထူးသဖြင့် လူမျိုးရေး-နိုင်ငံရေးအမြင်မတူညီမှု‌ေကြာင့်် ရောက်ရှိလာသူများအတွက် အလုပ်လုပ်ပေးရန် ဖြစ်သည်။

ကျွန်ုပ်တို့သည် သြစ‌တြေးလျနိုင်ငံ ဆစ်ဒနီ၊ မဲလ်ဘုန်း၊ ဘရစ်စဘိန်း၊ ကမ်ဘာရာ၊ အက်ဒလိတ်နှင့် ပါ့သ်တို့ရှိ တက္ကသိုလ် (၁၄) ခု ပေါင်း၍ ဖွဲ့စည်းထားသော ညွန်းပေါင်း မြန်မာကျောင်းသားအဖွဲ့ဖြစ်သည်။.

Next Gen Myanmar သည် သြစတြေးလျနိုင်ငံ ဆစ်ဒနီတွင် အခြေစိုက်ပြီး လူငယ်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ ပါဝင်သော အဖွဲ့ဖြစ်သည်။ ဖေဖော်ဝါရီ ၂၀၂၁၊ စစ်တပ်အာဏာသိမ်းပြီးနောက်မှ ဖွဲ့စည်းထားပြီး အသိပညာပေးလုပ်ငန်းများမြှင့်တင်ရန် ပြည်ပမှကူညီလုပ်ဆောင်ရန်တို့ဖြစ်သည်။

သြစတြေးလျ-ကချင်နှစ်ချင်းခရစ်ယာန်လူငယ်များ

NSW တွင်

ကျနိူပ်တို့၏ရည်ရွယ်ချက်သည် အဖွဲ့အစည်းမျိုးစုံ၊ အစိုးရ၊ ပုဂ္ဂလိက-အစိုးရ၊ အစိုးရမဟုတ်သောဖွဲ့အစည်းများနှင့်ပညာရေးအဖွဲ့အစည်းများမှ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများ၏ ကျွမ်းကျင်မှု၊ ဗဟုသုတနှင့်အရင်းအမြစ်များကို ကျစ်လစ်ခိုင်မာစွာစုပေါင်းပြီး ဩစ‌တြေးလျနှင့်ဗမာနှစ်ခုစလုံးမှ အသိုက်အဝန်းအား ကောင်းမွန်တိုးတက်ရန် ရည်ရွယ်သည်။

ဤအဖွဲ့သည် မြန်မာ XYZ မျိုးဆက်များ တစ်ဦးနှင့်တစ်ဦး ကူညီရန် စောင့်ရှောက်ရန် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ကျွန်ုပ်တို့ဖြတ်သန်းခဲ့ရသော ဒုက္ခဆင်းရဲကို ညီညွတ်စွာပေါင်းစည်းပြီး မည်သို့ဖြတ်သန်းမည်ကို ပြရန်အချိန်ကျပြီ။

ANU မြန်မာကျောင်းသားများအသင်းသည် ANU တွင်ကျောင်းတက်နေသော မြန်မာကျောင်းသားများကို ကိုယ်စားပြုသည့် ကျောင်းသားအသိုက်အဝန်းဖြစ်သည်။

ဤပေ့ချ်သည် ဆစ်ဒနီတက္ကသိုလ်တွင်တက်ရောက်နေသော ဗမာကျောင်းသားများဖြင့်ဖွဲ့စည့်ထားသည့် မြန်မာယဉ်ကျေးမှုအဖွဲ့အစည်း၏ တရားဝင်ပေ့ချ်ဖြစ်သည်။ သတင်းအချက်အလက်ပိုမိုသိရှိလိုပါက ကျွန်ဲပ်တို့ကို စာပို့ပါ။ ကျွန်ုပ်တို့၏ ပွဲများကိုသိလိုပါက ပေ့ချ်ကို Like နှိပ်ထားပေးပါ။

ကျွန်ဲပ်တို့ အဖွဲ့အစည်းသည် မြန်မာယဉ်ကျေးမှုကို လူပိုမိုသိရှိအောင်မြှင့်တင်ရန် ယဉ်ကျေးမှုကိုအခြေခံသည့်အဖွဲ့အစည်းဖြစ်ပြီး UNSW သို့ အသစ်ရောက်ရှိလာသော မြန်မာကျောင်းသားများကို ကူညီရန်ဖြစ်သည်။